Logo

ပွဲစုံ

မူလစာမျက်နှာပွဲစဥ်များသတင်းများဆောင်းပါးများဆက်သွယ်ရန် (Contact us)ဥပဒေဆိုင်ရာ
အကောင့်ဖန်တီးရန် / ဝင်ရောက်ရန်FacebookTwitter
Logo

ပွဲစုံ

‌
‌
‌
‌
‌
‌

ပွဲစုံ

ပွဲစုံက ဘောလုံးကမ္ဘာရဲ့နောက်ဆုံးအဖြစ်အပျက်တွေကို တင်ဆက်ပေးပါမယ် – လှုပ်ရှားမှုတွေ၊ ပြိုင်ပွဲရလဒ်တွေနဲ့ ကစားသမားတွေရဲ့ ပုံပြင်တွေပါ။

လျင်မြန်သောလင့်များ

  • မူလစာမျက်နှာ
  • ပွဲစဥ်များ
  • သတင်းများ
  • ဆောင်းပါးများ
  • ဆက်သွယ်ရန် (Contact us)
  • ဥပဒေဆိုင်ရာ

လူမှုမီဒီယာ

  • Facebook
  • Youtube

သတင်းလွှာ

ဘောလုံးသတင်းနောက်ဆုံးအပ်ဒိတ်များကို အမြဲသိရှိထားနိုင်ပါစေ။

© 2025 ပွဲစုံ. All rights reserved.

နောက်ဆုံးရသတင်းများ

ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြအသစ်ဖြစ်လာတဲ့ နူနိုအက်စ်ပီရီတို ဆန်တို
သတင်း

ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြအသစ်ဖြစ်လာတဲ့ နူနိုအက်စ်ပီရီတို ဆန်တို

ဝက်စ်ဟမ်း ယူနိုက်တက်အသင်းကတော့ မနေ့က သူတို့ရဲ့ နည်းပြ ဂရေဟမ်ပေါ်တာကို နည်းပြရာထူးကထုတ်ပယ်အပြီးမှာ ချက်ချင်းဆိုသလို နည်းပြသစ်အဖြစ် နူနို အက်စ်ပီရီတို ဆန်တိုကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။ ပေါ်တူဂီနည်းပြဟာ ဒီကနေ့နောက်ပိုင်းမှာ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ နူနိုကိုယ်တိုင်ကလည်း ဝက်စ်ဟမ်းရဲ့ ပရိုဂျက်ကို လက်ခံခဲ့တာကြောင့် အသင်းရဲ့ အနာဂတ်အတွက် ပရိတ်သတ်တွေကလည်း စိတ်လှုပ်ရှားနေပြီး နည်းပြသစ်ရဲ့ လက်အောက်မှာ အသင်းရဲ့ ခြေစွမ်းတိုးတက်လာဖို့ မျှော်လင့်နေကြပါတယ်။

စက်တင်ဘာ ၂၈၊ ၂၀၂၅၊ မနက် ၉ နာရီ ၁ မိနစ်
ဖတ်ရန်
၈ ပွဲကစား ၈ ဂိုးထိသွင်းပြီး ပုံစံကောင်းတွေပြနေတဲ့ ဆွန်ဟောင်မင် ...🔥
သတင်း

၈ ပွဲကစား ၈ ဂိုးထိသွင်းပြီး ပုံစံကောင်းတွေပြနေတဲ့ ဆွန်ဟောင်မင် ...🔥

အာရှသားလေး ဆွန်ဟောင်မင် (Son Heung-min) ကတော့ ပရီးမီးယားလိဂ်ကနေ မေဂျာလိဂ် (LAFC) ကို ရောက်လာပြီးနောက်ပိုင်းမှာ သူ့ရဲ့ ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ မေဂျာလိဂ်ကို လွှမ်းမိုးနေပါတယ်။ ဒီနေ့မနက်က ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ဆွန်ဟောင်မင်ဟာ LAFC အသင်းအတွက် အနိုင် (၂) ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး၊ သူ့ရဲ့ ထိပ်တန်းခြေစွမ်းကို ထပ်မံ သက်သေပြခဲ့ပါတယ်။ ပိုပြီး အံ့အားသင့်စရာကောင်းတာကတော့- ဆွန်ဟောင်မင်ဟာ LAFC အသင်းအတွက် စုစုပေါင်း ၈ ပွဲသာ ကစားရသေးပေမယ့် ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး တစ်ပွဲတစ်ဂိုးနှုန်းနဲ့ စွမ်းဆောင်ရည်ပြသနေပါတယ်။ ဆွန်ဟောင်မင်ရဲ့ ရောက်ရှိလာမှုနဲ့ ပုံစံကောင်းတွေကြောင့် LAFC အသင်းရဲ့ တိုက်စစ်ဟာ သိသိသာသာ အားကောင်းလာခဲ့ပါတယ်။LAFC အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲအတွင်းမှာ ဂိုးပေါင်း ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။ အသင်းဖော် တိုက်စစ်မှူး ဒင်းနစ် ဘူအမ်ဂါ (Denis Bouanga) ဟာလည်း ဆွန်ရဲ့ ဖန်တီးမှုတွေနဲ့အတူ ဂိုးသွင်းနှုန်း မြင့်မားလာခဲ့ပြီး၊ လက်ရှိ မေဂျာလိဂ် ဂိုးသွင်းရှင်စာရင်းမှာ စုစုပေါင်း ၂၃ ဂိုးနဲ့ မက်ဆီရဲ့ နောက်၊ ဒုတိယအများဆုံး နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ကိုယ်တိုင်ဂိုးသွင်းနိုင်စွမ်းနဲ့ ဖန်တီးပေးနိုင်မှုတွေဟာ LAFC အသင်းကို မေဂျာလိဒ်မှာ ၂ပွဲလျော့ အနေထားနဲ့တောင် ထိပ်ဆုံးထိရောက်အောင် တွန်းပို့နေတဲ့ အဓိကမောင်းနှင်အားတစ်ခု ဖြစ်ပါတယ်။

စက်တင်ဘာ ၂၈၊ ၂၀၂၅၊ မနက် ၈ နာရီ ၅၇ မိနစ်
ဖတ်ရန်
ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြအသစ်ဖြစ်လာတဲ့ နူနိုအက်စ်ပီရီတို ဆန်တို
သတင်း

ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြအသစ်ဖြစ်လာတဲ့ နူနိုအက်စ်ပီရီတို ဆန်တို

ဝက်စ်ဟမ်း ယူနိုက်တက်အသင်းကတော့ မနေ့က သူတို့ရဲ့ နည်းပြ ဂရေဟမ်ပေါ်တာကို နည်းပြရာထူးကထုတ်ပယ်အပြီးမှာ ချက်ချင်းဆိုသလို နည်းပြသစ်အဖြစ် နူနို အက်စ်ပီရီတို ဆန်တိုကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။ ပေါ်တူဂီနည်းပြဟာ ဒီကနေ့နောက်ပိုင်းမှာ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ နူနိုကိုယ်တိုင်ကလည်း ဝက်စ်ဟမ်းရဲ့ ပရိုဂျက်ကို လက်ခံခဲ့တာကြောင့် အသင်းရဲ့ အနာဂတ်အတွက် ပရိတ်သတ်တွေကလည်း စိတ်လှုပ်ရှားနေပြီး နည်းပြသစ်ရဲ့ လက်အောက်မှာ အသင်းရဲ့ ခြေစွမ်းတိုးတက်လာဖို့ မျှော်လင့်နေကြပါတယ်။

စက်တင်ဘာ ၂၈၊ ၂၀၂၅၊ မနက် ၂ နာရီ ၅၄ မိနစ်
ဖတ်ရန်
မြတ်ခင်းစိမ်းတွေပေါ်မှာ ပြန်လည်မြင်တွေ့ရတော့မယ့် ပေါလ် ပေါ့ဘာ
သတင်း

မြတ်ခင်းစိမ်းတွေပေါ်မှာ ပြန်လည်မြင်တွေ့ရတော့မယ့် ပေါလ် ပေါ့ဘာ

ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာ(Paul Pogba)ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မီနာကို (Monaco) အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေခဲ့ရပါတယ်။ အခုတော့ သူ့ရဲ့ ဒဏ်ရာအခြေအနေတွေကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပါတယ်။ ပေါ့ဘာဟာ မီနာကိုအသင်းအတွက် သူ့ရဲ့ ပထမဆုံးအကြိမ် ပါဝင်ကစားပေးဖိုအတွက် အသင့်ဖြစ်နေပြီလို သိရပါတယ်။ ဒီသတင်းဟာ မီနာကိုအသင်းအတွက်ရော၊ ပြင်သစ်ကွင်းလယ်လူရဲ့ ပြန်လာမှုကို စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေအတွက်ပါ ဝမ်းသာစရာ သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။

စက်တင်ဘာ ၂၇၊ ၂၀၂၅၊ မနက် ၆ နာရီ ၁၄ မိနစ်
ဖတ်ရန်
မက်ဆီက အရင်ဆုံး ကျနော့်ကို ဂုဏ်ပြုခဲ့ပါတယ်
သတင်း

မက်ဆီက အရင်ဆုံး ကျနော့်ကို ဂုဏ်ပြုခဲ့ပါတယ်

"မက်ဆီက ကျွန်တော့ဆီ အရင်ဆုံး ဂုဏ်ပြုခဲ့ပါတယ်။ သူက ကျွန်တော့ကို တိုက်ရိုက် မက်ဆေ့ချ် ပိုခဲ့တာပါ။ ဇာဗီနဲ့ လူးဝစ် ဆွာရက်ဇ်တိုလည်း ကျွန်တော့ကို ဂုဏ်ပြုကြောင်း မက်ဆေ့ချ် ပိုခဲ့ကြပါတယ်။" အူစမိန်း ဒမ်ဘီလီ (ရွှေဘောလုံး ဆုရှင်)

စက်တင်ဘာ ၂၇၊ ၂၀၂၅၊ မနက် ၆ နာရီ ၁၁ မိနစ်
ဖတ်ရန်
ဦးနှောက်ဒဏ်ရာနဲ့ ကွယ်လွန်ခဲ့ရတဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့်ဟောင်း 🥺
သတင်း

ဦးနှောက်ဒဏ်ရာနဲ့ ကွယ်လွန်ခဲ့ရတဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့်ဟောင်း 🥺

အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူးဟောင်း ဘီလီ ဗီဂါ (Billy Vigar) ဟာ အသက် ၂၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဝမ်းနည်းစွာ သတင်းရရှိပါတယ်။ ဗီဂါဟာ သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ ချီချက်စတာ စီးတီး (Chichester City) အတွက် ကစားနေစဉ်မှာ ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာ (significant brain injury) ရရှိခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ Wingate & Finchley အသင်းနဲ့ ကစားနေတဲ့ပွဲစဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ပွဲကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ အာဆင်နယ်အသင်းမှာ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့တဲ့ ဗီဂါဟာ ငယ်ရွယ်တဲ့ အနာဂတ်အလားအလာကောင်းသူ တစ်ဦးဖြစ်ပါတယ်။ဘီလီ ဗီဂါရဲ့ ဝမ်းနည်းဖွယ် ကွယ်လွန်မှုအတွက် ဘောလုံးလောကတစ်ခုလုံးက အထူးတလည် ဝမ်းနည်းကြေကွဲနေကြပါတယ်။ (RIP to this Young Man) ..😢

စက်တင်ဘာ ၂၇၊ ၂၀၂၅၊ မနက် ၅ နာရီ ၇ မိနစ်
ဖတ်ရန်
သတင်းအားလုံးကိုဖတ်ရှုရန်

ဘောလုံးဆောင်းပါးများ

ဟာလန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ဘန်လေနဲ့ပွဲအတွက် အသင့်ဖြစ်ပြီလား??
ဆောင်းပါး

ဟာလန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ဘန်လေနဲ့ပွဲအတွက် အသင့်ဖြစ်ပြီလား??

မန်ချက်စတာ စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်း(Erling Haaland)ဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် လာမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အချိန်မီ ပြန်လည်သက်သာဖို ကြိုးစားနေရပါတယ်။ ဟာလန်းဟာ အီမီရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမဲ့ ပွဲချိန် ၇၆ မိနစ်မှာ ကျောဘက်က နာကျင်မှု ခံစားရလို လူစားလဲခဲ့ရပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ အသင်းဟာ “ပင်ပန်းလွန်းတဲ့ တစ်ပတ်” ကို ဖြတ်သန်းခဲ့ရတာကြောင့် ဒီကနေ့ညမှာ ကစားမယ့် ဟက်ဒါဖီးလ်နဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဟာလန်းကို အနားပေးဖွယ်ရှိပါတယ်။ ဒါပေမဲ့ နည်းပြက စနေနေ့မှာ အီတီဟတ်ကွင်းကို လာရောက်မယ့် ဘန်လေနဲ့ပွဲအတွက် ဟာလန်း အချိန်မီ ကြံ့ခိုင်မှု ပြည့်ဝလာမယ်လို မျှော်လင့်နေပါတယ်။ ဂွါဒီယိုလာက “သူ (ဟာလန်း) မနေ့က အနားယူခဲ့တယ်။ လေ့ကျင့်ရေး မဆင်းခဲ့ဘူး။ ဒီနေ့တော့ သူ့ကိုရော ကျန်တဲ့ ကစားသမားတွေကိုပါ မတွေ့ရသေးပါဘူး။ စနေနေ့ပွဲအတွက် အဆင်ပြေလိမ့်မယ်လို မျှော်လင့်ပါတယ်။ ဒီလို တောင်းဆိုမှုများတဲ့ တစ်ပတ်မှာ ကစားသမားတွေ ပြဿနာရှိတတ်ပါတယ်။ စနေနေ့ပွဲအတွက်တော့ အဆင်ပြေမယ်လို ကျွန်တော် ထင်ပါတယ်၊ မျှော်လင့်ပါတယ်” လို ပြောကြားခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ ၈ မှတ်အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအတွက် လာမယ့် နိုင်ငံတကာပွဲတွေမတိုင်ခင် ဟက်ဒါဖီးလ်၊ ဘန်လေ၊ မိုနာကို (ချန်ပီယံလိဂ်) နဲ့ ဘရန့်ဖိုဒ်တိုနဲ့ပွဲစဉ်တွေ ဆက်တိုက်ရှိနေပါတယ်။ မန်စီးတီးမှာ မာတီယို ကိုဗာချစ်၊ ရာယန် အိုက်နူရီနဲ့ အိုမာ မာမူရှ်တို ဒဏ်ရာရနေပြီး အောက်တိုဘာလမှာ ပြန်လာဖို မျှော်မှန်းထားပါတယ်။ ရာယန် ချာကီကတော့ ပေါင်ခြံဒဏ်ရာကြောင့် နိုဝင်ဘာလအထိ အနားယူရဖွယ်ရှိပါတယ်။ ကယ်ဗင် ဖီးလစ်ပ်စ်လည်း ဒဏ်ရာကနေ ပြန်လာပြီး အသင်းမှာ နေရာပြန်ရဖို ကြိုးစားနေပါတယ်။ ဂွါဒီယိုလာဟာ ကာရာဘောင်းဖလားပွဲစဉ်မှာ အရန်ကစားသမားတေွနဲ့ ပွဲထုတ်လာဖိုရှိပြီး “ဘန်လေ၊ မိုနာကိုနဲ့ ဘရန့်ဖိုဒ်ပွဲတွေကို ဦးစားပေးရမှာဖြစ်လို ဒဏ်ရာကင်းအောင် ကစားသမားအလှည့်ကျစနစ် (Rotation) ကို သေချာပေါက် သုံးသွားမှာပါ” လို အတည်ပြုပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၄၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၂၁ မိနစ်
ဖတ်ရန်
မယုံနိုင်စရာ ချန်ပီယံလိပ် မှတ်တမ်းအသစ်နဲ့အတူ Erling Haaland
ဆောင်းပါး

မယုံနိုင်စရာ ချန်ပီယံလိပ် မှတ်တမ်းအသစ်နဲ့အတူ Erling Haaland

အာလင် ဟာလန်း (Erling Haaland) ဟာ ကမ္ဘာ့ဘောလုံးလောကကို အံ့အားသင့်စေမယ့် မှတ်တမ်းအသစ်တစ်ခုကို ထပ်မံ ရယူလိုက်ပြန်ပါပြီ။ အသက်ငယ်ရွယ်သေးတဲ့ နော်ဝေသား တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် (UCL) မှာ ၅၀ ဂိုး ပြည့်မြောက်အောင်မြင်ဖိုအတွက် ၄၉ ပွဲ သာ ကစားခဲ့ရပြီး ဘောလုံးသမိုင်းမှာ အမြန်ဆုံး ဂိုး ၅၀ သွင်းယူနိုင်သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဟာလန်း ဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဂိုး ၅၀ ပြည့်မြောက်အောင်မြင်ခဲ့တဲ့ ကစားသမား ၁၀ ယောက်မြောက်အဖြစ် ရပ်တည်လာခဲ့ပါတယ်။ အဲဒီထဲမှာမှ သူရဲ့ အကောင်းဆုံး မှတ်တမ်းကတော့ တစ်ပွဲ ဂိုးသွင်းနှုန်း (goals-per-game ratio) ပဲဖြစ်ပါတယ်။ ဟာလန်း ရဲ့ ဂိုးသွင်းနှုန်းဟာ ၁.၀၂ ဖြစ်ပြီး ကျန်တဲ့ ကစားသမားတွေရဲ့ ဂိုးသွင်းနှုန်းတွေထက် အပြတ်အသတ် သာလွန်နေပါတယ်။ ဟာလန်း ရဲ့ ဂိုးသွင်းနှုန်းဟာ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ (Lionel Messi)၊ ရော်ဘတ် လေဝမ်ဒေါစကီး (Robert Lewandowski) နဲ့ ခရစ္စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) တိုရဲ့ ဂိုးသွင်းနှုန်းတွေထက် အများကြီး ပိုများနေတာကို အောက်မှာ ကြည့်နိုင်ပါတယ်။ • အာလင် ဟာလန်း: တစ်ပွဲ ၁.၀၂ ဂိုးနှုန်း • လီယွန်နယ် မက်ဆီ: တစ်ပွဲ ၀.၇၉ ဂိုးနှုန်း • ရော်ဘတ် လေဝမ်ဒေါစကီး: တစ်ပွဲ ၀.၇၉ ဂိုးနှုန်း • ခရစ္စတီယာနို ရော်နယ်ဒို: တစ်ပွဲ ၀.၇၇ ဂိုးနှုန်း • ရွဒ် ဗန် နစ္စတဲရွိင်း: တစ်ပွဲ ၀.၇၇ ဂိုးနှုန်း • ကီလီယန် အမ်ဘာပေ: တစ်ပွဲ ၀.၆၅ ဂိုးနှုန်း • ကာရင် ဘန်ဇီမာ: တစ်ပွဲ ၀.၅၉ ဂိုးနှုန်း • ရာအူးလ်: တစ်ပွဲ ၀.၅၀ ဂိုးနှုန်း • တီရီ အွန်နရီ: တစ်ပွဲ ၀.၄၅ ဂိုးနှုန်း • သောမတ်စ် မြူလာ: တစ်ပွဲ ၀.၃၅ ဂိုးနှုန်း ဟာလန်း ရဲ့ ဒီလို ထူးခြားတဲ့ စွမ်းဆောင်ရည်ဟာ သူ့ရဲ့ ဂိုးသွင်းဗီဇ၊ ကစားပုံနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတိုရဲ့ ရလဒ်ဖြစ်ပါတယ်။ အသက်အရွယ်ငယ်သေးပြီး ကစားသမားဘဝရဲ့ အထွတ်အထိပ်ကာလကို မရောက်သေးပေမယ့် ဒီလို မှတ်တမ်းတွေ တင်နိုင်ခဲ့တာဟာ သူဟာ ဘောလုံးလောကရဲ့ မျိုးဆက်တစ်ခုမှာ တစ်ဦးတည်းသော ကစားသမားဖြစ်ကြောင်း သက်သေပြနေပါတယ်။ ဟာလန်း ဟာ ဒီလိုစံချိန်တွေကို ဆက်ပြီး ချိုးဖျက်သွားမှာဖြစ်ပြီး ဘောလုံးပရိသတ်တွေကို အံ့အားသင့်အောင် ဆက်လက်လုပ်ဆောင်သွားဦးမှာ သေချာပါတယ်။

စက်တင်ဘာ ၁၉၊ ၂၀၂၅၊ မနက် ၄ နာရီ ၁ မိနစ်
ဖတ်ရန်
ချန်ပီယံလိဂ်ဝင်ခွင့်မရရှိသည့်တိုင်အောင် စံချိန်တင် ဝင်ငွေရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ...
ဆောင်းပါး

ချန်ပီယံလိဂ်ဝင်ခွင့်မရရှိသည့်တိုင်အောင် စံချိန်တင် ဝင်ငွေရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ...

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပေါင် ၆၆၆.၅ သန်းနဲ့ စံချိန်တင် ဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်မရခဲ့ပေမဲ့ အသင်းရဲ့ ဝင်ငွေဟာ အမြင့်မားဆုံးကို ရောက်ရှိခဲ့တာပါ။ ဘဏ္ဍာရေး အခြေအနေ ဝင်ငွေ - စုစုပေါင်းဝင်ငွေ ပေါင် ၆၆၆.၅ သန်း ရှိခဲ့ပြီး ယခင်နှစ်ထက် တိုးတက်ခဲ့ပါတယ်။ လည်ပတ်ရေးအရှုးငွေ ပေါင် ၁၈.၄ သန်း ရှိခဲ့ပြီး၊ ၂၀၂၄ ဘဏ္ဍာရေးနှစ်က ပေါင် ၆၉.၃ သန်း ရှိခဲ့တာနဲ့ နှိင်းယှဉ်ရင် သိသာစွာ လျော့နည်းသွားပါတယ်။ ယူနိုက်တက်အနေနဲ့ ပေါင် ၃၆.၆ သန်းဟာ အဲရစ် တန် ဟာဂ်နဲ့ သူ့ရဲ့ဝန်ထမ်းတွေ ထွက်ခွာခဲ့ရတာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကုန်ကျစရိတ်တွေ ပါဝင်ပါတယ်။ စံချိန်တင် မှတ်တမ်းများ ပွဲစဉ်နေ့ ဝင်ငွေ - ၁၇% တိုးတက်ခဲ့ပြီး လက်မှတ်ရောင်းချမှုနဲ့ အသင်းဝင်တွေရဲ့ အရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ commercial ၁၀% တိုးတက်ခဲ့ပြီး Snapdragon နဲ့ ပထမဆုံး အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးတွေ မြင်တွေ့နေရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပေါင် ၆၄၀ မီလီယံ ကနေ ၆၆၀ မီလီယံအထိ ဝင်ငွေရရှိမယ်လို မျှော်မှန်းထားပြီး၊ အဒ်ဂျပ်စ်ထ် အီးဘီတီဒီအေ (Adjusted EBITDA) ကို ပေါင် ၁၈၀ မီလီယံ ကနေ ၂၀၀ မီလီယံအထိ ရည်မှန်းထားပါတယ်။ အသင်းရဲ့ ဒါရိုက်တာချုပ် အိုမာ ဘာရာဒါ(Omar Berrada)က “ကျွန်တော်တို အသင်းကို အားလုံးသော ကဏ္ဍတွေမှာ တိုးတက်အောင် ကြိုးစားနေပါတယ်။ ကွင်းပေါ်မှာတော့ ကျွန်တော်တိုရဲ့ နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်၊ ဒီအရာက ရေရှည်အတွက် တည်ဆောက်နေတာပါ။ ကွင်းအပြင်မှာတော့ ပြန်လည်ဖွဲစည်းခြင်းနဲ့ ခေါင်းဆောင်မှု ပြောင်းလဲမှုတွေကနေ အသစ်တစ်ဖန် ပြန်လည်ထွက်ပေါ်လာနေပြီး ကျွန်တော်တိုရဲ့ အားကစားနဲ့ စီးပွားရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို အသင့်ဖြစ်နေပါပြီ။ ကုန်ကျစရိတ် လျှော့ချရေး အစီအစဉ်တွေရဲ့ အကျိုးကျေးဇူးကို စတင်ခံစားလာရတာကြောင့် ငွေကြေးစွမ်းဆောင်ရည် တိုးတက်ဖို အလားအလာ ကောင်းမွန်နေပြီး ဒါက ကျွန်တော်တိုရဲ့ အဓိက ဦးစားပေးဖြစ်တဲ့ ကွင်းပေါ်အောင်မြင်မှုတွေကို ပံ့ပိုးပေးနိုင်ပါလိမ့်မယ်” လို ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁၉၊ ၂၀၂၅၊ မနက် ၃ နာရီ ၅၀ မိနစ်
ဖတ်ရန်
ဘောလုံးအာကစားနည်း စတင်ပေါ်ပေါက်လာပုံ
ဆောင်းပါး

ဘောလုံးအာကစားနည်း စတင်ပေါ်ပေါက်လာပုံ

ဘောလုံးဆိုတာ ကမ္ဘာပေါ်မှာ လူသိအများဆုံးနဲ့ အားအပါဆုံး အားကစားတစ်ခုဖြစ်ပြီး သူ့ရဲ့သမိုင်းကလည်း နှစ်ပေါင်း ထောင်ချီ ရှည်ကြာပါတယ်။ အခုလက်ရှိ ကစားနေတဲ့ ဘောလုံးပုံစံကတော့ ၁၉ ရာစုအလယ်ပိုင်းလောက်မှာ အင်္ဂလန်နိုင်ငံက စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရှေးဦးပုံစံတွေကတော့ အဲဒီ့မတိုင်ခင်ကတည်းက ကမ္ဘာ့နေရာအနှံအပြားမှာ ရှိနေခဲ့ပါတယ်။ ရှေးခေတ်ဘောလုံးရဲ့ အစ ဘောလုံးနဲ့တူတဲ့ အသင်းလိုက်ကစားနည်းတွေရဲ့ ပထမဆုံးအထောက်အထားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်က Mesoamerican ယဉ်ကျေးမှုမှာ တွေ့ရှိခဲ့ရပါတယ်။ ဒီကစားနည်းကို Aztec တွေက "Tchatali" လို ခေါ်ခဲ့ကြပြီး ကျောက်တုံးနဲ့လုပ်ထားတဲ့ ဘောလုံးကို အသုံးပြုခဲ့ကြပါတယ်။ အထူးခြားဆုံးကတော့ ဒီကစားနည်းမှာ ရော်ဘာနဲ့လုပ်ထားတဲ့ bounces ကို သုံးခဲ့တာပါပဲ။ ဒါ့အပြင် ဘောလုံးကို ခြေထောက်နဲ့ကန်တဲ့ ပုံစံမျိုးကိုတော့ တရုတ်နိုင်ငံမှာ ဘီစီ ၃ ရာစုနဲ့ ၂ ရာစုကြားလောက်ကတည်းက "Cuju" ဆိုတဲ့အမည်နဲ့ ကစားခဲ့ကြပါတယ်။ ဒီကစားနည်းကို လေးထောင့်ကွင်းပြင်ပေါ်မှာ သားရေနဲ့ချုပ်ပြီး ငှက်မွေး ဒါမှမဟုတ် သားမွေးတွေနဲ့ ပြုလုပ်ထားတဲ့ ဘောလုံးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီကစားနည်းရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခုဟာ ဂျပန်ကို ရောက်ရှိသွားပြီး "Kemari" လို အမည်တွင်ခဲ့ပါတယ်။ အင်္ဂလန်ရဲ့ ဘောလုံးသမိုင်း အခုလက်ရှိ ဘောလုံးပုံစံဟာ ၁၂ ရာစုလောက်မှာ အင်္ဂလန်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို အများစုက လက်ခံထားကြပါတယ်။ အဲဒီခေတ်က ဘောလုံးကစားနည်းတွေဟာ ဒီနေ့ခေတ်ထက် ပိုမို ကြမ်းတမ်းပြီး ကစားသမားတွေ အများကြီးပါဝင်ကြပါတယ်။ တစ်ခါတလေ မြိုထဲက လမ်းတွေ၊ လယ်ကွင်းတွေမှာပါ ကစားကြတာကြောင့် ပစ္စည်းတွေပျက်စီးတာ၊ လူတွေ ထိခိုက်ဒဏ်ရာရတာမျိုးတွေ ဖြစ်လာပြီး အစိုးရက ဘောလုံးကစားတာကို ရာစုနှစ်ပေါင်းများစွာ ပိတ်ပင်ခဲ့ရပါတယ်။ ဘောလုံးနဲ့ ရပ်ဘီ ကွဲထွက်လာပုံ ၁၉ ရာစုမှာတော့ ဘောလုံးကစားနည်းဟာ ကျောင်းတွေမှာ တွင်ကျယ်လာပါတယ်။ အဲဒီခေတ်က ဘောလုံးနဲ့ ရပ်ဘီကစားနည်းကြားမှာ ရှင်းရှင်းလင်းလင်း ကွဲပြားမှု မရှိသေးပါဘူး။ ၁၈၄၈ ခုနှစ်မှာ Cambridge မှာ စည်းမျဉ်းတွေ ရေးဆွဲဖို ကြိုးစားခဲ့ကြပေမဲ့ အားလုံး အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးတော့ ၁၈၆၃ ခုနှစ်မှာ လန်ဒန်မြိုမှာ ပထမဆုံး ဘောလုံးအဖွဲချုပ်ကို ဖွဲစည်းပြီး ဘောလုံးစည်းမျဉ်းတွေကို သတ်မှတ်လိုက်ပါတယ်။ အရေးအကြီးဆုံး စည်းမျဉ်းကတော့ ဘောလုံးကို လက်နဲ့ကိုင်ပြီး ပြေးတာကို ခွင့်မပြုတော့တာပါပဲ။ ဒီလို စည်းမျဉ်းတွေ သတ်မှတ်လိုက်တာကြောင့် လက်နဲ့ကစားတဲ့ ရပ်ဘီနဲ့ ခြေထောက်နဲ့သာ ကစားရတဲ့ ဘောလုံး (Association Football) ဆိုပြီး အားကစားနှစ်မျိုး ခွဲထွက်သွားခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးခေတ်သို ကူးပြောင်းခြင်း အစပိုင်းမှာ ဘောလုံးဟာ အင်္ဂလိပ် အလုပ်သမားလူတန်းစားတွေရဲ့ ဖျော်ဖြေရေးသက်သက် ဖြစ်ခဲ့ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းမှာတော့ ပွဲကြီးပွဲကောင်းတွေကို ပရိသတ်ပေါင်း ၃၀,၀၀၀ အထိ လာရောက်ကြည့်ရှုလာကြပါတယ်။ ဒီလို ပွဲလက်မှတ်တွေ ရောင်းရလာတာနဲ့အမျှ အသင်းတွေဟာ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူဖိုအတွက် ငွေကြေးပေးချေတာတွေ စတင်လုပ်ဆောင်လာကြပါတယ်။ ဒီလိုနဲ့ ၁၈၈၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားခြင်းကို တရားဝင် ခွင့်ပြုလိုက်ပြီး သုံးနှစ်အကြာ ၁၈၈၈ မှာတော့ ဘောလုံးလိဂ်ကို ပထမဆုံး စတင်ဖွဲစည်းခဲ့ပါတယ်။ ပထမဆုံးရာသီမှာ အသင်း ၁၂ သင်းနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ လိဂ်အဆင့်အတန်းတွေနဲ့ ချဲ့ထွင်လာခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲများ ပေါ်ပေါက်လာပုံ ဘောလုံးသမိုင်းမှာ အရေးပါတဲ့ အဆင့်တွေ ဆက်လက်ဖြစ်ပေါ်လာပါတယ်။ FA Cup: ၁၈၇၁ ခုနှစ်မှာ ပထမဆုံး အရေးပါတဲ့ ပြိုင်ပွဲဖြစ်တဲ့ FA Cup ကို စတင်ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာပွဲ: ၁၈၇၂ မှာ အင်္ဂလန်နဲ့ စကော့တလန်တို ပထမဆုံးသော နိုင်ငံတကာပွဲစဉ်ကို ကစားခဲ့ကြပါတယ်။ FIFA အဖွဲချုပ်: ၁၉၀၄ ခုနှစ်မှာ FIFA (Fédération Internationale de Football Association) အဖွဲချုပ်ကို ဖွဲစည်းခဲ့ပါတယ်။ အိုလံပစ်: ၁၉၀၈ ခုနှစ်မှာ ဘောလုံးကို အိုလံပစ်အားကစားပွဲမှာ ပထမဆုံးအကြိမ် တရားဝင် ထည့်သွင်းခဲ့ပါတယ်။ ကမ္ဘာ့ဖလား: ၁၉၃၀ မှာ ပထမဆုံးသော FIFA World Cup ကို ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့ပါတယ်။ ဒီလိုနဲ့ ဘောလုံးဟာ အင်္ဂလိပ်တွေရဲ့ အားကစားတစ်ခုတည်း မဟုတ်တော့ဘဲ ကမ္ဘာအနှံအပြားကို ပြန့်နှံသွားခဲ့ပြီး ယနေ့ခေတ်မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ လူကြိုက်အများဆုံး အားကစားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၈၊ ၂၀၂၅၊ မနက် ၁၀ နာရီ ၂၀ မိနစ်
ဖတ်ရန်
ယူအီးအက်ဖ်အေ ယူရိုပါ ကွန်ဖရန့်စ်လိဂ် မွေးဖွားခြင်း
ဆောင်းပါး

ယူအီးအက်ဖ်အေ ယူရိုပါ ကွန်ဖရန့်စ်လိဂ် မွေးဖွားခြင်း

ယူအီးအက်ဖ်အေ (UEFA) ကလပ်ပြိုင်ပွဲတွေဟာ ချန်ပီယံလိဂ် (Champions League) နဲ့ ယူရိုပါလိဂ် (Europa League) တိုသာ အဓိကရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁-၂၂ ရာသီကစပြီး ယူအီးအက်ဖ်အေ ဟာ ပြိုင်ပွဲအဆင့်သုံးဆင့်ပါဝင်တဲ့ ပြိုင်ပွဲစနစ်ကို ဖန်တီးဖို ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တတိယအဆင့်ကလပ်ပြိုင်ပွဲအဖြစ် ယူအီးအက်ဖ်အေ ယူရိုပါ ကွန်ဖရန့်စ်လိဂ် (UEFA Europa Conference League) ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ယူရိုပါ ကွန်ဖရန့်စ်လိဂ် ကို ဖန်တီးခဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းနှစ်ခု ရှိပါတယ်။ ပထမအချက်ကတော့ ဥရောပရဲ့ ပိုမိုကျယ်ပြန့်တဲ့ ကလပ်အသင်းတွေကို ဥရောပပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ရစေဖိုပဲ ဖြစ်ပါတယ်။ အရင်က ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် တိုရဲ့ ဝင်ခွင့်စံနှုန်းတွေဟာ အဆင့်နိမ့်လိဂ်တွေက ကလပ်တွေအတွက် အလွန်ခက်ခဲခဲ့ပါတယ်။ ကွန်ဖရန့်စ်လိဂ် ရဲ့ ပေါ်ထွက်လာမှုဟာ ဒီကလပ်တွေကို ဥရောပပြိုင်ပွဲတွေရဲ့ အတွေ့အကြုံနဲ့ ဘဏ္ဍာရေး အကျိုးအမြတ်တွေ ရယူနိုင်မယ့် လမ်းကြောင်းသစ်တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ ဒုတိယအချက်ကတော့ ယူရိုပါလိဂ် ကို ပိုမိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲဖြစ်လာစေဖိုပဲ ဖြစ်ပါတယ်။ အရင်က ယူရိုပါလိဂ် မှာ အသင်း ၄၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာကနေ ကွန်ဖရန့်စ်လိဂ် ရဲ့ မိတ်ဆက်မှုကြောင့် အသင်း ၃၂ သင်းအထိသာ လျှော့ချလိုက်နိုင်ခဲ့ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုဟာ ယူအီးအက်ဖ်အေ ရဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း အကြီးမားဆုံးသော ပြိုင်ပွဲစနစ် ပြောင်းလဲမှုတစ်ခုပဲ ဖြစ်ပါတယ်။ ယူရိုပါ ကွန်ဖရန့်စ်လိဂ် ရဲ့ ပထမဆုံး ဗိုလ်လုပွဲကို ၂၀၂၂ ခုနှစ်၊ မေလမှာ အယ်ဘေးနီးယားနိုင်ငံ၊ တီရာနာမြိုမှာ ကျင်းပခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အီတလီကလပ် အေအက်စ် ရိုးမား (AS Roma) နဲ့ နယ်သာလန်ကလပ် ဖီယင်နု (Feyenoord) တို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။ အေအက်စ် ရိုးမား အသင်းဟာ နည်းပြ ဟိုဆေး မော်ရင်ဟို (José Mourinho) ရဲ့ ဦးဆောင်မှုအောက်မှာ ဖီယင်နု ကို ၁-၀ နဲ့ အနိုင်ယူပြီး ကွန်ဖရန့်စ်လိဂ် ရဲ့ ပထမဆုံး ချန်ပီယံအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ဒီအောင်ပွဲဟာ မော်ရင်ဟို ရဲ့ ဘောလုံးသမားဘဝ နည်းပြ အသက်မွေးဝမ်းကျောင်းမှာ ပဉ္စမမြောက် ဥရောပဖလားကြီး ဖြစ်ခဲ့ပြီး ပြိုင်ပွဲရဲ့ အရေးပါမှုကို ပိုမိုတိုးမြှင့်ပေးခဲ့ပါတယ်။ ယူရိုပါ ကွန်ဖရန့်စ်လိဂ် ရဲ့ မိတ်ဆက်မှုဟာ အဆင့်နိမ့်လိဂ်တွေအတွက် အဓိကအကျိုးရှိခဲ့ပါတယ်။ မကြာသေးမီက ပြိုင်ပွဲရဲ့ အသင်းတွေမှာ စလိုဗေးနီးယား၊ ကိုဆိုဗို၊ အယ်ဘေးနီးယားနဲ့ အခြားနိုင်ငံတွေရဲ့ အသင်းတွေ ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါဟာ အရင်က သူတိုအတွက် မဖြစ်နိုင်သလောက် ခက်ခဲတဲ့အရာတစ်ခုပါ။ ဒီပြိုင်ပွဲက သူတိုရဲ့ ကစားသမားတွေကို ဥရောပရဲ့ နိုင်ငံတကာ ဘောလုံးပွဲတွေမှာ ပါဝင်ခွင့်ရစေပြီး ဥရောပမှာ ကလပ်အသင်းရဲ့ အဆင့်အတန်းနဲ့ ဝင်ငွေကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို ပြိုင်ပွဲသစ် ဖန်တီးမှုဟာ ဘောလုံးလောကမှာ ထိပ်တန်း ကလပ်အသင်းတွေအတွက်သာမကဘဲ တစ်ခွင်လုံးရဲ့ ပြိုင်ဆိုင်မှုအဆင့်ကို မြှင့်တင်ပေးဖိုအတွက် ယူအီးအက်ဖ်အေ ရဲ့ ဆက်လက်ကြိုးစားနေမှုကိုလည်း မီးမောင်းထိုးပြနေပါတယ်။ နိဂုံးချုပ်ရမယ်ဆိုရင်တော့ ယူရိုပါ ကွန်ဖရန့်စ်လိဂ် ဟာ ဥရောပဘောလုံးလောကရဲ့ မျက်နှာသစ်ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပြီး၊ အသင်းငယ်လေးတွေအတွက် မျှော်လင့်ချက်တွေ ပေးစွမ်းနိုင်ခဲ့တဲ့အပြင် ဘောလုံးအားကစားရဲ့ ရေရှည်ဖွံဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် နေရာယူထားနိုင်ပြီပဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၇၊ ၂၀၂၅၊ မနက် ၁၀ နာရီ ၄၉ မိနစ်
ဖတ်ရန်
ောလုံးသမိုင်း၏ အံ့အားသင့်စရာ အကောင်းဆုံး ၂ မိနစ်- မန်ချက်စတာ ယူနိုက်တက်၏ Treble ဆုဖလားပွဲစဉ်
ဆောင်းပါး

ောလုံးသမိုင်း၏ အံ့အားသင့်စရာ အကောင်းဆုံး ၂ မိနစ်- မန်ချက်စတာ ယူနိုက်တက်၏ Treble ဆုဖလားပွဲစဉ်

၁၉၉၈-၉၉ ရာသီဟာ မန်ချက်စတာ ယူနိုက်တက် (Manchester United) ပရိသတ်တွေအတွက် ဘယ်တော့မှ မေ့နိုင်မယ့်နှစ် မဟုတ်ပါဘူး။ အဲဒီရာသီမှာ ဆာ အဲလက်စ် ဖာဂူဆန် (Sir Alex Ferguson) ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် (Premier League) နဲ့ အက်ဖ်အေဖလား (FA Cup) တိုကို ဆွတ်ခူးပြီးဖြစ်လို သမိုင်းဝင် 'ထရက်ဘယ်' (Treble) ဖလား ရရှိဖိုအတွက် ချန်ပီယံလိဂ် (Champions League) ဗိုလ်လုပွဲ တစ်ပွဲသာ လိုပါတော့တယ်။ ဒါပေမဲ့ ဒီဗိုလ်လုပွဲဟာ ဘောလုံးသမိုင်းမှာ မထင်မှတ်ထားတဲ့ အကြီးမားဆုံး ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်လာမယ်လို ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ၁၉၉၉ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှာ ဘာစီလိုနာ (Barcelona) မြိုရဲ့ နူးကမ့် (Camp Nou) အားကစားကွင်းမှာ ယူနိုက်တက် ဟာ ဘာယန်မြူးနစ် (Bayern Munich) နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲအစ ၆ မိနစ်မှာပဲ ဘာယန် အသင်းရဲ့ မားရီယို ဘက်စ်လာ (Mario Basler) က ဖရီးကစ်ကနေတစ်ဆင့် ဂိုးသွင်းယူခဲ့လို ယူနိုက်တက် ဟာ ၁-၀ ဂိုးနဲ့ ရှုးနိမ့်နေခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်ခါနီးတဲ့အခါမှာတော့ ယူနိုက်တက် ရဲ့ ထရက်ဘယ်အိပ်မက်ဟာ ပျောက်ကွယ်သွားတော့မယ်လို လူတိုင်းက ထင်ခဲ့ကြပါတယ်။ ဘာယန် ကစားသမားတွေဟာလည်း အောင်ပွဲခံဖို ပြင်ဆင်နေကြပြီး ဖလားပေါ်မှာ သူတိုရဲ့ အမည်ကို ရေးထွင်းနေပြီလိုတောင် ခံစားရပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ဟာ ဘယ်တော့မှ အရှုးမပေးတတ်တဲ့ အသင်းပါ။ ပွဲချိန် အချိန်ပို မိနစ် ၉၀+၁ မှာ ကွင်းလယ်လူ ဒေးဗစ် ဘက်ခမ်း (David Beckham) က ထောင့်ကန်ဘော ကန်တင်ပေးရာကနေ လူစားဝင်ကစားသမား ရိုင်ယန် ဂစ် (Ryan Giggs) ရဲ့ ကန်ချက်ကို တယ်ဒီ ရှယ်ရင်ဂမ် (Teddy Sheringham) က ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ၁-၁ သရေဖြစ်သွားခဲ့လို ယူနိုက်တက် အတွက် မျှော်လင့်ချက် ပြန်လည်အသက်ဝင်လာခဲ့ပြီး ပွဲဟာ အချိန်ပို ဆက်ကစားရဖို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ဟာ အချိန်ပိုကို စောင့်မနေတော့ပါဘူး။ ၂ မိနစ်အကြာ၊ ပွဲချိန် ၉၀+၃ မှာ နောက်ထပ် ထောင့်ကန်ဘောတစ်လုံး ထပ်ရခဲ့ပါတယ်။ ဒေးဗစ် ဘက်ခမ်း ရဲ့ ထောင့်ကန်ဘောကို ရှယ်ရင်ဂမ် က ခေါင်းတိုက်ချပေးခဲ့ပြီး နောက်ထပ် လူစားဝင်ကစားသမားဖြစ်တဲ့ အိုလီ ဂန်နာ ဆိုးလ်ရှား (Ole Gunnar Solskjær) က ခြေဖျားနဲ့ ပုတ်သွင်းယူပြီး အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာ ဆိုးလ်ရှား ရဲ့ ဒူးထောက် အောင်ပွဲခံမှု၊ ပရိသတ်တွေရဲ့ အော်ဟစ်ဆူညံသံတွေနဲ့ ဘာယန် ကစားသမားတွေရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မျက်နှာတွေဟာ ဘောလုံးလောကရဲ့ ရင်ခုန်စရာ အကောင်းဆုံး မြင်ကွင်းတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ ရိုးရိုးအနိုင်ပွဲတစ်ခု မဟုတ်ဘဲ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ အတွေးအခေါ်ကို လက်တွေ့ အသက်သွင်းနိုင်ခဲ့တာပါ။ ရှုးနိမ့်လုနီးပါး အခြေအနေကနေ ပြန်လည်ဆယ်ယူနိုင်ခဲ့တဲ့ ဒီအောင်ပွဲက ယူနိုက်တက် အတွက် သမိုင်းဝင် ထရက်ဘယ် ကို သက်သေပြုပေးခဲ့ပါတယ်။ ဒါဟာ ဥရောပကလပ်ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှုတွေထဲက တစ်ခုဖြစ်ပြီး ဘောလုံးပွဲတစ်ခုမှာ ကံကြမ္မာဟာ ဘယ်လောက်အထိ အချိန်တိုအတွင်း ပြောင်းလဲသွားနိုင်လဲဆိုတာကို ပြသနေတဲ့ ထာဝရသင်ခန်းစာတစ်ခုလည်း ဖြစ်ပါတယ်။ နိဂုံးချုပ်ရမယ်ဆိုရင်တော့ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ဘောလုံးသမိုင်းမှာ အပြင်းထန်ဆုံး ဒရာမာတစ်ခုဖြစ်ပြီး၊ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပြနိုင်တဲ့ စိတ်ဓာတ်နဲ့ အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တဲ့ မှော်ဆန်တဲ့ အချိန်တွေကို သက်သေပြခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ အမှတ်ရစရာတွေဟာ ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲမှာ ဘယ်တော့မှ မှေးမှိန်သွားမှာ မဟုတ်ပါဘူး။

စက်တင်ဘာ ၇၊ ၂၀၂၅၊ မနက် ၅ နာရီ ၁၂ မိနစ်
ဖတ်ရန်
ဆောင်းပါးအားလုံးကိုဖတ်ရှုရန်